International News

တရုတ်နိုင်ငံကို RCEP မည်မျှအကျိုးပြုကြောင်း ၂၀၂၂ ခုနှစ် ကနဦးတွေ့ရှိချက်များ

Last Updated:

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သည် ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်မှ အချက်အလက်များအရ တရုတ်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကာ ယွမ် ၂ ဒသမ ၈၆ ထရီလျံ (အမေရိကန်ဒေါ်လာ ၄၄၈ ဒသမ ၆ ဘီလီယံ) ပမာဏရှိကြောင်း၊ RCEP သည် ဒေသတွင်း ပိုမိုကြီးမားသော ဈေးကွက်ဝင်ရောက်ခွင့်ကို လုံခြုံစေရန်အတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုအလားအလာကို ပိုမိုအသုံးချနိုင်စေရန် ခွင့်ပြုပေးကြောင်း အဓိကအကျိုး ခံစားခွင့်ရသူများတွင် စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်အပိုင်းများ၊ e-commerce လုပ်ငန်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ (SMEs) တို့ ပါဝင်သည်။

RCEP ဆိုသည်မှာ ကမ္ဘာ့လူဦးရေနှင့် GDP ၏ သုံးပုံတစ်ပုံခန့်ကို လွှမ်းခြုံထားပြီး ယနေ့အထိ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘော တူညီချက်ကို ကိုယ်စားပြုသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျနှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့ လက်မှတ်ရေးထိုး ထားသည့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကုန်သွယ်ရေးသဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ်အစတွင် အသက်ဝင်ခဲ့သည်။ RCEP သည် အဖွဲ့ဝင်နိုင်ငံ များအကြား ကုန်သွယ်မှုပြုလုပ်သည့် ကုန်ပစ္စည်းများ၏ အနည်းဆုံး ၉၀ ရာခိုင်နှုန်းအပေါ် အခွန်စည်းကြပ်မှုဖယ်ရှားရန် ရည်မှန်းထားပြီး အနှစ်၂၀ အတွင်း အကျုံးဝင်မည်ဖြစ်ကြောင်း လွတ်လပ်သောကုန်သွယ်မှုကို မြှင့်တင်ခြင်း၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အားဖြည့်ပေးခြင်း၊ အခွန်စည်းကြပ်မှုများ ဖယ်ရှားပေးခြင်း၊ ကပ်ရောဂါဘေးမှ ဒေသတွင်းစီးပွားရေး ပြန်လည်နာလန်ထူလာစေရန် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု များကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း RCEP အောက်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် လွတ်လပ်စွာ ကုန်သွယ်မှုဆက်ဆံရေးကို ထူထောင်ခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေးပေါင်းစည်းမှုနှင့် ကုန်သွယ်မှုဆက်ဆံရေးကိုမြှင့်တင်ရန် မျှော်လင့်သည့် လှုပ်ရှား မှုတစ်ခုဖြစ်သည်။

RCEP သည် တရုတ်နိုင်ငံအတွက်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အလွန်အရေးပါသောအချက်ဖြစ်သည်။ အဆိုပါ စာချုပ်သည် တရုတ် နိုင်ငံအတွက် ကြီးမားသော သွင်းကုန်-ပို့ကုန် အခွင့်အလမ်းများကို ယူဆောင်လာကာ တရုတ်နိုင်ငံ၏ နှိုင်းယှဉ် အားသာချက်များရှိသည့် ပို့ကုန်များချဲ့ထွင်ရန် စီးပွားရေးလုပ်ငန်းများကို အား ပေးကာ အဓိက နည်းပညာများ၊ အစိတ်အပိုင်းများနှင့် ကုန်ကြမ်းများကို တင်သွင်းမှု တိုးမြင့် လာစေပါသည်။ ၎င်းသည် အာရှ-ပစိဖိတ်နိုင်ငံများနှင့်မဟာဗျူဟာအရ တရုတ်နိုင်ငံနှင့် ပိုမိုတည်ငြိမ်ပြီး ခိုင်မာသောချိတ်ဆက်မှုကို ပံ့ပိုးပေးမည်ဖြစ်သည်။  

မြန်မာနိုင်ငံအနေဖြင့် Entry into Force (EIF) ဖြစ်စေရန် ပြည်တွင်းလုပ်ထုံး လုပ်နည်းများ ဆောင်ရွက်ပြီးစီးကြောင်း အသိပေးအကြောင်းကြားစာ (Instrument of Ratification-IoR) ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ (၁၂-၅-၂၀၂၁) ရက်နေ့တွင် FERD ဌာနက အာဆီယံအတွင်းရေးမှူးချုပ် ရုံးသို့ ပေးပို့ပြီးဖြစ်သည်ဟု သိရှိရပါသည်။ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့အကြား (၁-၅-၂၀၂၂) ရက်နေ့မှစတင်၍ အသက်ဝင်ပြီဖြစ်ပါသည်။ RCEP အဖွဲ့ဝင် နိုင်ငံများသည် စာချုပ်အာဏာအသက်ဝင်သည့်အချိန်တွင် ကုန်စည်လိုင်းအားလုံး၏  ၆၅% ကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့သည် ၃၀% သာ ကင်းလွတ်ခွင့်ပေးရမည်ဖြစ်ပါသည်။ စာချုပ်အာဏာအသက်ဝင်ပြီး (၁၀) နှစ်အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်း၏ ၈၀% ကို အခွန် ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံက (၁၅) နှစ်အကြာတွင်မှ အခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်ပါသည်။ (စီးပွား-ကူးသန်း-မြန်မာ)

ပထမလအနည်းငယ်အတွင်း RCEP အကောင်အထည်ဖော်မှုအကျဉ်းချုပ်

၂၀၂၂ ခုနှစ်သည် RCEP ၏အစဖြစ်ကြောင်း ကူးစက်ရောဂါဖြစ်ပွားနေသော်လည်း RCEP နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် တရုတ်နိုင်ငံ ၏ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုး၏ ၃၀.၄ ရာခိုင်နှုန်းဖြစ်ပြီး ယွမ် ၂.၈၆  ထရီလီယံ (ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၈.၆ ဘီလီယံ) ရှိကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GAC) မှ ကိန်းဂဏန်းအရ သိရကြောင်း အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကြောင်း တရုတ်နှင့် RCEP အဖွဲ့ဝင်များအကြား ပို့ကုန်နှင့် သွင်းကုန် များ သည် တဖြည်းဖြည်း တိုးပွားလာပြီး အမေရိကန် ဒေါ်လာ ၂၀၃ ဘီလီယံ (ယွမ် ၁.၃၈ ထရီလီယံ) နှင့် အမေရိကန်ဒေါ်လာ ၂၁၈ ဘီလီယံ (ယွမ် ၁.၄၈ ထရီလျံ) အသီးသီး အသီးသီး မြင့်တက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၁ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တရုတ်နှင့် RCEP နိုင်ငံများအကြား 2022 -Q1 အတွင်း  သွင်းကုန်နှင့် ပို့ကုန်များ

အထက်ပါကိန်းဂဏန်းများကို အသေးစိတ်စိတ်ဖြာကြည့်မည်ဆိုပါက စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်များနှင့် လုပ်သားအထူးပြုထုတ်ကုန် များသည် ပို့ကုန်များလွှမ်းမိုးခဲ့ပြီး ၅၂.၁ ရာခိုင်နှုန်းနှင့် ၁၇.၈ ရာခိုင်နှုန်း အသီးသီးရှိပါကြောင်း စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ် ပစ္စည်းများ၊ သတ္တုရိုင်းနှင့် သတ္တုရိုင်းသဲ နှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းမှုမှာ ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်း အသီးသီးရှိပါကြောင်း အာဆီယံ နိုင်ငံများမှ လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၆.၇၉ ဘီလီယံ (ယွမ် ၄၆.၀၂ ဘီလီယံ) တင်သွင်းခဲ့ပြီး၊ တစ်နှစ်ထက်တစ်နှစ် တင်သွင်းမှု ၁၄.၁ ရာခိုင်နှုန်း တိုးကာ တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်းတန်ဖိုး၏ ၁၃.၇ ရာခိုင်နှုန်း တင်သွင်းခဲ့ပါသည်။  

တရုတ်နိုင်ငံ၏အာဆီယံနိုင်ငံများသို့ အဓိကပို့ကုန်များ

တရုတ်နိုင်ငံ၏အာဆီယံနိုင်ငံများမှ အဓိကသွင်းကုန်များ

တရုတ်နိုင်ငံ၏အကောက်ခွန်စာရင်းဇယားများအရ RCEP အဖွဲ့ဝင်ဖြစ်မှု၏ အကျိူးဆက်ကြောင့် ပထမသုံးလပတ်တွင် တရုတ်စီးပွားရေးလုပ်ငန်း များသည် ယွမ် ၆.၇ ဘီလီယံတန်ဖိုးရှိသော သွင်းကုန်များမှ ယွမ် ၁၃၀ သန်းနှင့် ယွမ် ၃၇.၁ ဘီလီယံတန်ဖိုးရှိ ပို့ကုန်များတွင် ယွမ် ၂၅၀ သန်းကို ဦးစားပေးအကောက်ခွန်ဖြင့် သွင်းကုန်များတွင် မျှတသော အကျိုးအမြတ်ရရှိခဲ့ကြောင်း အကောက်ခွန်စာရင်းဇယားများက ဖော်ပြသည်။

တရုတ်နိုင်ငံသည် ပြည်တွင်းကုမ္ပဏီများအား RCEP လက်မှတ် ၁၀၉,၀၀၀ ထုတ်ပေးခဲ့ပြီး ကုန်ပစ္စည်းတင်ပို့သည့်အခါတွင် အကောက်ခွန်လျှော့ချ ခြင်းမှ အခွင့်ကောင်း ယူရန် တွန်းအားပေးခဲ့သည်။ 

အခြားအဖွဲ့ဝင် ၁၄ နိုင်ငံအနက် တောင်ကိုရီးယားသည် တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ကြောင်း  နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ပထမ သုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၉၀.၃ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၁၄.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း RCEP မှတစ်ဆင့် တရုတ် နိုင်ငံနှင့် ပထမဆုံးအကြိမ် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ဂျပန်နိုင်ငံသည် ဒုတိယနေရာတွင် ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၆ ဘီလျံရှိပြီး တစ်နှစ် ထက်တစ်နှစ် ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၂၁၂ ဒသမ ၂ ဘီလီယံအထိရှိပြီး ၁၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုန်သွယ်မှု အကြီးမားဆုံး တိုးတက်မှုမှာ ကမ္ဘောဒီးယားနိုင်ငံနှင့်ဖြစ်ပြီး ၃၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ကာ ယင်းနောက် တွင် အင်ဒိုနီးရှားက  ၃၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

RCEP က တရုတ်နိုင်ငံအတွက် ရေရှည်မှာ ဘာကိုဆိုလိုတာလဲ ?

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံသည် ကုန်သွယ်မှုသဘောတူစာချုပ်၏ အရည်အသွေးမြင့် အကောင်အထည်ဖော်မှုကို မြှင့်တင် ရန် လမ်းညွှန်ချက်အသစ်ကို မိတ်ဆက်ခဲ့ကြောင်း  အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် ပြင်းထန်သော ပြိုင် ဆိုင်မှုနှင့်အတူ ဒေသဆိုင်ရာ ပိုမိုပွင့်လင်းသော ဒေသတွင်း ဈေးကွက်သို့ လိုက်လျောညီထွေဖြစ်အောင် အစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို လမ်းညွှန်ရန် ရည်ရွယ်ပါကြောင်း သဘောတူညီချက်၏ စီးပွားရေးလွတ်လပ်ခွင့်အပေါ် အလေးပေးမှုသည် အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုကို အထောက် အကူဖြစ်စေမည့် အဆင့်မြင့်ဖွင့်လှစ်မှုမှတစ်ဆင့် ပိုမိုနက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တရုတ်နိုင်ငံကို တွန်း အားပေးနိုင်ပါသည်။

အဆိုပါသဘောတူညီချက်သည် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စေရန်၊ စက်မှုအဆင့်မြှင့်တင်ရေးကို မြှင့်တင်ရန်နှင့် နိုင်ငံ တကာစံနှုန်းများ နှင့်ကိုက်ညီသော  ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်အောင် တွန်းအားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

စည်းကြပ်ခွန်များ ဖြည်းညှင်းစွာ ဖယ်ရှားခြင်းဆိုသည်မှာ ဒေသသည် အမျိုးမျိုးသော ထုတ်လုပ်မှုသွင်းအားစုများ လွတ်လပ်စွာစီးဆင်းမှုနှင့်အတူ ကြီးမားစုစည်းသော စျေးကွက်ဆီသို့ ရွေ့လျားနေခြင်းကို ဆိုလိုပါကြောင်း ဤဖွဲ့စည်းမှုသည် နှိုင်းယှဉ်အားသာချက်များ၊ ကုန်စည်ဖလှယ်မှု၊ နည်း ပညာနှင့် အရင်းအနှီးဖလှယ်ခြင်းတို့ကို အကျိုးပြုသည့်အပြင် ဒေသတွင်းနေလူများ၏ နယ်စပ်ဖြတ်ကျော် ရွေ့ပြောင်းမှုအပေါ် အခြေခံ၍ ဒေသတွင်း ထောက်ပံ့မှုနှင့် တန်ဖိုးကွင်းဆက်များကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဒေသတွင်း လည်ပတ်မှုကလည်း ပို၍အဆင်ပြေစေပြီး ပြိုင်ဆိုင်မှုများ လည်း ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော စက်မှုလုပ်ငန်းကွင်းဆက်များနှင့် နည်းပညာဆိုင်ရာခွန်အားများသည် ၎င်း (တရုတ်နိုင်ငံ) ၏ "နှစ်ထပ်လည်ပတ်မှု" တွင် အခြားနိုင်ငံများကို ပေါင်းစည်းမည်ဖြစ်ကြောင်း အခွန်စည်းကြပ်မှုမရှိဘဲ နှိုင်းယှဉ်ပြိုင်နိုင်မှု၏ အကျိုး သက်ရောက်မှု သည် ကြီးမားလာဖွယ်ရှိပါသည်။

တရုတ်ငွေကြေး (ယွမ်) ဖြင့်ပေးချေမှုအခန်းကဏ္ဍသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးရန်နှင့် အဆင့်မြင့်စက်မှုကွင်းဆက်နှင့် ထုတ်လုပ်မှု ပရောဂျက်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်အတွက် RCEP အောက်တွင် ကြီးမားသော နိုင်ငံတကာအသွင်ကူးပြောင်းရေး အလားအလာကိုလည်း တွေ့မြင်ရပါကြောင်း နယ်စပ်ဖြတ်ကျော် တရုတ်ငွေကြေး(ယွမ်)ပေးချေမှုဖြင့် လက်ရှိ ဘုံကုန်သွယ်မှု ငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာကို အစားထိုးခြင်းဖြင့် ဒေသတွင်းကုန်သွယ်မှု၏ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေပါသည်။

နောက်ဆုံးအနေဖြင့်  Belt and Road Initiative (BRI) နှင့်အတူ RCEP နှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုသည် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုဖန်တီးခြင်းဖြင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်ရန်ဖြစ်ပါကြောင်း  ပထမသုံးလပတ်တွင် တရုတ် စီးပွားရေးလုပ်ငန်းများသည် BRI နိုင်ငံများသို့ ငွေကြေး မဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး ယင်းပမာဏမှာ ယွမ် ၂၀.၀၈ ဘီလီယံဖြစ်ပြီး စုစုပေါင်းပြည်ပရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းအထိ ပထမအကြိမ်အဖြစ် ပါဝင်ခဲ့ ပါကြောင်း ရင်းနှီးမြှုပ်နှံမှုများမှာ အဓိကအားဖြင့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် အခြားအာဆီယံနိုင်ငံများတွင် ဖြစ်ကြောင်း သိရှိရပါသည်။

RCEP အောက်တွင် စောင့်ကြည့်ရမယ့် လမ်းကြောင်းတွေက ဘာတွေလဲ?

(က) E-commerce    -RCEP ၏အခန်း (၁၂) သည် e-commerce ကို မြှင့်တင်ရန် နှင့် ၎င်းအတွက် အထောက်အကူဖြစ်စေသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်ကို ဖန်တီးရန်ရည်ရွယ်ကြောင်း ရည်မှန်းချက်မှာ သွင်းကုန်နှင့် ပို့ကုန်ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် ဒေသတွင်းရှိ စက်မှုနှင့် တန်ဖိုးကွင်းဆက်များကို ပိုမိုကောင်းမွန်စွာ ပေါင်းစည်းရန်ဖြစ်ကြောင်း  နိုင်ငံခြားကုန်သွယ်မှုပုံစံသစ်ဖြစ်သော နယ်စပ်ဖြတ် ကျော် e-commerce သည် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များတည်ငြိမ်စေရန်အတွက် အရေးကြီးသော မောင်းနှင်အားတစ်ခု ဖြစ်လာခဲ့ပါ ကြောင်း  ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ၏ သွင်းကုန်နှင့် တင်ပို့မှုပမာဏသည် ယွမ်  ၁.၉၈ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၃၁၁.၅ ဘီလီယံ) ရှိပြီး ၁၅ ရာခိုင်နှုန်းတိုးမြင့်ကာ e-commerce တင်ပို့မှုမှာ ယွမ် ၁.၄၄ ထရီလီယံ ရှိကာ နှစ်စဉ်ရာခိုင်နှုန်း ၂၄.၅ တိုး လာပါကြောင်း ဒစ်ဂျစ်တယ်စီးပွားရေး၏ အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းကြောင့် ဆိုက်ဘာလုံခြုံရေး၊ တစ်ဦးချင်းကိုယ်ရေးကိုယ်တာနှင့် အမျိုး သားလုံခြုံရေးနှင့် သက်ဆိုင်မှုကို အခန်း ၁၂တွင် အများအတွက် ဖေါ်ပြထားပါကြောင်း အခန်း ၁၂ ၏ အထူးထင်ရှားသော ရှုထောင့်နှစ်ခုမှာ ကန့်သတ်ထားသော ကွန်ပျူတာ အဆောက်အအုံများနှင့်  ဒေတာများအတွက် လိုအပ်ချက်များကို တားမြစ်သည့်အချက်များ ဖြစ်ပါကြောင်း RCEP လက်မှတ်ရေးထိုးထားသည့် တရုတ်နိုင်ငံအနေဖြင့် ယင်းအချက်အလက်များနှင့်ပတ်သက်၍ ကာလရှည်ကြာစွာလွတ်လပ်စွာ ရပ်တည်မှုမှ ခွဲထွက် ရန် မူအရပထမဆုံး ကတိ ကဝတ်ပြုခဲ့ပါကြောင်းဖေါ်ပြထားပါသည်။

(ခ) အသေးစားနှင့် အလတ်စားလုပ်ငန်းမှ ဆောင်ရွက်သူများအား မြှင့်တင်ပေးရန် -RCEP သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် များတွင် ပါဝင်ရန် SMEs များအတွက် အရေးကြီးသောအခွင့်အလမ်းများ ပံ့ပိုးပေးခြင်းဖြင့် SME များ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည်ဖြစ် ကြောင်း စာချုပ်သည် ဒေသတွင်း ထောက်ပံ့မှု ကွင်းဆက်စီမံခန့်ခွဲမှုကို လွယ်ကူချောမွေ့စေရန်၊ ဒေသတွင်း အရင်းအမြစ်ရွေးချယ်ခွင့်များ တိုးမြင့် လာစေရန်၊ လုပ်ငန်းများအတွက် ငွေပေးငွေယူ ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် SME လုပ်ငန်းများကို ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များအဖြစ် ပေါင်းစည်းရန် "ဒေသတွင်း ပင်ရင်း" စည်းမျဉ်း rule of “origin in the region” ကို လက်ခံကျင့်သုံးမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

ရင်းမြစ်များ (၁) စီးပွား-ကူးသန်း(မြန်မာ)
       (၂) https://www.china-briefing.com/news/how-has-the-rcep-benefitted-china-findings-from-the-initial-months-of-operation-2022/

 

Category: International News